ခွင့်ပြုသည့်လေဆိပ်များ (Port Of Entry)

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
  • မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
  • နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)

ခွင့်ပြုသည့်ဗီဇာအမျိုးအစားများ (Eligible Visa Types)

ဗီဇာအမျိုးအစားများ
(Type of Visas)
နေခွင့်
(Duration of Stay)
ဗီဇာကြေး
(Visa Fees)
လုပ်ငန်းဗီဇာ (Business Visa) 70 Days 50 USD
အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ
(Workshop/ Seminar/ Meeting/ Research Visa)
28 Days 40 USD
ဖြတ်သန်းဗီဇာ (Transit Visa) 24 Hours 20 USD
ယာဉ်အမှုထမ်းဗီဇာ (Crew Visa) 28 Days 40 USD
ကမ္ဘာလှည့်ဗီဇာ (Tourist Visa) 30 Days 50 USD

ခွင့်ပြုနိုင်ငံများ (Eligible Countries)

Passport holder from the following countries and Taiwan are eligible to apply Visa On Arrival for Business Visa, Workshop/Seminar/Meeting/Research Visa, Transit Visa and Crew Visa:

Australia Cyprus India Luxembourg Romania UK
Austria Croatia Indonesia Malaysia Russia USA
Belgium Denmark Italy Malta Switzerland Ukraine
Brazil DPRK Ireland Norway Singapore Vietnam
Brunei Estonia Israel New Zealand South Africa  
Bulgaria France Japan Netherland Spain  
China Finland Korea Nepal Sweden  
Canada Germany Laos Poland Slovakia  
Cambodia Greece Latvia Philippines Slovenia  
Czech Hungary Lithuania Portugal Thailand  

Passport holder from the following countries are eligible to apply Visa On Arrival for Tourist Visa:

China Italy Australia Germany
India Spain Switzerland Russia

(Remark: The issuance of Tourist On Arrival Visa for Italian, Spanish, Australian, Swiss, German and Russian tourists will be starting on 01 October 2019.)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောများဖြင့် ရောက်ရှိလာမည့် ကမ္ဘာလှည့် ခရီးသည်များအတွက် ကြိုတင်ခွင့်ပြုချက် လျှောက်ထားရယူသည့် ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival)

  • ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ရောက်ရှိလာမည့် ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီး သင်္ဘောများ၏ ခရီးစဉ်ခွင့်ပြုချက် နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူရမည်။
  • ၎င်းခရီးစဉ်ခွင့်ပြုချက်နှင့်အတူ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တဆင့် အပျော်စီးသင်္ဘောနှင့် အတူပါရှိမည့် ခရီးသည်များအနက် ဗီဇာမပါရှိသူများအား ဆိုက်ရောက်ဗီဇာ (Pre Arrangement Visa On Arrival) ခွင့်ပြုပေးနိုင်ရေးအတွက် အမည်စာရင်း၊ နိုင်ငံကူးလက်မှတ်အမှတ်တို့နှင့် တကွ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ကြိုတင်လျှောက်ထားရမည်။
ခွင့်ပြုဗီဇာအမျိုးအစားနေခွင့်ဗီဇာကြေး
ကမ္ဘာလှည့်ဗီဇာ (Tourist Visa) 28 Days 30 USD

 

ဆိုက်ရောက်ဗီဇာ (Visa On Arrival) အတွက် လိုက်နာရမည့်စည်းကမ်းများ

Click Here For English Version

  • သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသည့် တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဖြစ်ရမည်၊ Passport သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး (၆) လသက်တမ်း ကျန် ရှိရမည်။
  • လွန်ခဲ့သည့် (၆) လအတွင်းကရိုက်ကူးထားသည့် (၄ စင်တီမီတာx ၆ စင်တီမီတာ) ရှိ ရောင်စုံဓါတ်ပုံ (၂) ပုံ အသင့်ယူဆောင်လာရမည်။
  • လုပ်ငန်းဗီဇာဖြင့်် ကနဦးဝင်ရောက်မည့်သူများဖြစ်ပါက လျှောက်လွှာနှင့်အတူ တာဝန်ခံ ခေါ်ဆောင်သူ ကုမ္ပဏီ၏ ဖိတ်ခေါ်စာပါရှိရမည်။ (ထပ်တိုးနေထိုင်ခွင့်မပြု)
  • မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက လျှောက်လွှာနှင့်အတူ လုပ်ငန်းလုပ်ကိုင် နေသည့် ကုမ္ပဏီ မှတ်ပုံတင်/ လုပ်ငန်းလိုင်စင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပေးသော လုပ်ငန်း လုပ်ကိုင်ခွင့်ပြုကြောင်း အထောက်အထားမိတ္တူ ပူးတွဲတင်ပြရမည်။
  • မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက အလုပ်လုပ်ကိုင်သည့် စက်ရုံအမည်၊ တည်နေရာ၊ တာဝန်ခံခေါ်ဆောင်သူ၊ လုပ်ကိုင်သည့် ရာထူး စသည်တို့ကို ပြည့်စုံစွာ ဖေါ်ပြလျှောက်ထားရမည်။
  • မြန်မာနိုင်ငံအတွင်း လုပ်ငန်းဗီဇာဖြင့် လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါက နေခွင့်သက်တမ်း တိုးမြှင့်လျှောက်ထားလိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်ဖြင့် တည်ဆဲ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပါသည်။
  • ပြည်ဝင်ဗီဇာဖြင့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနား တက်ရောက် မည့်သူများဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဖိတ်ကြားစာ ပူးတွဲတင်ပြ ရမည်။
  • လျှောက်လွှာတွင်ဖော်ပြထားသော လုပ်ငန်းမှအပ အခြားမည်သည့်လုပ်ငန်းကိုမဆို အခဖြင့် ဖြစ်စေ၊ အခမဲ့ဖြစ်စေ လုပ်ကိုင်ခြင်းမပြုရ။
  • ဖြတ်သန်းဗီဇာလျှောက်ထားသူသည် ခရီးလမ်းဆုံးနိုင်ငံသို့ သွားရောက်မည့် လေယာဉ် လက်မှတ် ပူးတွဲတင်ပြရမည်။
  • မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ တရားဝင်ခွင့်ပြုထားသည့် စက်ရုံအလုပ်ရုံများ၊ နေအိမ် အဆောက်အဦ များတွင် နေထိုင်ရမည်။ တည်းခိုမည့် လိပ်စာကို အတိအကျဖေါ်ပြရမည်။
  • မြန်မာနိုင်ငံအစိုးရအဖွဲ့၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် အားလုံးကို တိကျစွာလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြုရမည်။
  • မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် (၇) နှစ်အောက် ကလေးများကို အခမဲ့ ပြည်ဝင်ခွင့်ပြုမည်။ သီးခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အသက် (၇) နှစ်အောက် ကလေးများ ခေါ်ဆောင်လာပါက သား/သမီးဖြစ်ကြောင်း အထောက်အထား တင်ပြနိုင်ရမည်။
  • ကန့်သတ်နယ်မြေများသို့ ကြိုတင်ခွင့်ပြုချက်မပါရှိဘဲ သွားရောက်ခြင်းမပြုရ။
  • မြန်မာနိုင်ငံအတွင်း ရောက်ရှိနေထိုင်စဥ် ညအိပ်ရပ်နားသည့် တည်းခိုရာ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ စက်ရုံ အလုပ်ရုံ၊ နေအိမ်၊ ရုံးခန်းလိပ်စာများအား သက်ဆိုင်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင်‌့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနသို့ သတင်းပို့ တင်ပြရမည်။
  • ပြည်ဝင်ခွင့်မပြုကြောင်း ဆုံးဖြတ်ခံရပါက မူလလိုက်ပါလာသည့် လေကြောင်းလိုင်းအစီအစဥ် ဖြင့် ထွက်ခွါလာသည့်နိုင်ငံသို့ ပြန်လည်ထွက်ခွာရမည်။
  • ပြည်ဝင်ခွင့်ပြုခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိုက်ရောက်ဗီဇာ ခွင့်ပြုမှုစိစစ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမည်။
  • ဆိုက်ရောက်ဗီဇာ (Visa On Arrival) လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော www.mip.gov.mm မှ ဤနေရာတွင်လည်းကောင်း ထုတ်ယူ၍ ရန်ကုန်လေဆိပ် လူဝင်မှုကြီးကြပ်ရေး ဌာနစိတ်တွင် တင်ပြလျှောက်ထားနိုင်သည်။

  • The Required Terms and Conditions for VISA ON ARRIVAL

    The applicant shall –

    • Have a valid passport not expiring for at least 6 months from the date of entry into Myanmar.
    • Bring two recent (4cm x 6cm) color photos taken within the past six months.
    • Have the letter of invitation from the sponsoring company in the event of first trip of business study. (Stay cannot be extended.)
    • Be required to produce copies of company registration/business license/ evidence of permission to do business issued by the ministries concerned together with the application if he is working in Myanmar.
    • Fully mention the name of the factory, location, the sponsor and the position he holds if he is doing business with business visa.
    • Apply for extension of visa with the recommendation of the ministries concerned as well as in accordance with the existing procedures if he is doing business with business visa.
    • Produce letter of invitation by the ministries concerned if he is going to attend meetings, workshops, events and ceremonies.
    • Not be allowed to engage in any sort of work with or without charges apart from the professions mentioned in the visa application form.
    • Produce air ticket to the destination if he is applying for transit visa.
    • Stay at the hotels, motels and guest houses holding legal licenses issued by Myanmar Government, and factories and workshops legally permitted as well as human dwellings; and exactly mention the address he will stay at.
    • Make a promise to strictly abide by the existing laws, rules, procedures, orders and directives issued by Myanmar Government.
    • Have under-seven-year-old children accompanying parents in the passport granted visa free of charge; be able to produce the evidence of parent-children relationship if the children are holding separate passport.
    • Not be allowed to travel to the restricted areas without seeking prior permission.
    • Report to the office of the township Immigration and National Registration Department concerned at which he stays within Myanmar mentioning the address of hotels, motels, guest houses, factories and workshops legally permitted as well as human dwellings.
    • Depart to the country which he has traveled from by the arrangement of the airline he is using if he is denied entry.
    • Abide by the decision of the On Arrival Visa Scrutiny and Issuing Team.
    • Apply for Visa On Arrival at Airport Immigration Section obtaining the application form either from the airlines in Myanmar or the following website www.mip.gov.mm of the Ministry of Immigration and Population.

Holidays For This Month

1st January 2020
(Wednesday)
International New Year Day

6th January 2020
(Monday)
Independence Day

Visa Hours
Morning 09:30 am to 12:00pm
Evening 13:30pm to 16:30pm


( Monday to Friday )
Contact Address

Embassy of Myanmar, Bandar Seri Begawan,Brunei Darussalam
Phone: 673 2451 960/ 2451 961
Fax: 2451963
Email: [email protected]
Web: www.mebandarseribegawan.org

Exchange Rate

Official Website of Central Bank of Myanmar
  • Exchange rate of United State
    1 USD = 2,100.0 MMK
  • Exchange rate of Euro
    1 EUR = 2,254.1 MMK
  • Exchange rate of Singapore Dollar
    1 SGD = 1,544.7 MMK

Date & Time for Brunei

Weather for Brunei


booked.net

Date & Time for Yangon

Weather for Yangon


booked.net

Government Ministries

Embassy Websites